မတူပီမြို့၌ စောင့်ကြည့် လူနာဆောင် Facility Quarantine အဖြစ်ထားရှိခဲ့သော အမျိုးသမီးအိမ်တွင်း မှုကျောင်းအား ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်
ချင်းပြည်နယ် ၊ မတူပီမြို့ရှိ စောင့်ကြည့်လူနာဆောင် (Facility Quarantine )ထားရှိသည့် အမျိုးသမီးအိမ် တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအား ကိုဗစ်−၁၉ ရောဂါ ကာကွယ် ၊ထိန်းချုပ်ရေးကာလအတွင်း ရောဂါ ကူးစက်မှုမရှိစေရေးအတွက် Joseph Oxygen ပရဟိတအသင်းက ဇူလိုင်လ၃၀ ရက် မွန်းလွဲပိုင်းက အဆိုပါ Facility Quarantine အဆောင်အား ကိုဗစ်− ၁၉ ရောဂါကာကွယ်ရေးပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ကြကြောင်းသိရသည်။
ဆက်လက်၍ Joseph Oxygen ပရဟိတအဖွဲ့က Facility Quarantine အဆောင် အတွင်းရှိ ကုတင်တစ်ခု နှင့် တစ်ခုအကြား၊ ကြမ်းပြင်များအကြားတွင်အသေး စိတ်ရှင်းလင်းကာပိုးသတ်ဆေးပက်ဖျန်း၊အဝတ်အထည်၊စောင်၊အိပ်ရာခင်းများ သိမ်းဆည်းပေးခြင်း နှင့်အဆောင်ပြင်ပ နှင့် အနီးပတ်ဝန်းကျင်တွင်လည်း ပိုးသတ်ဆေးဖျန်းခြင်း ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စာစုများ -