ချင်းပြည်နယ်အစိုးရအဖွဲ့၊စိုက်ပျိုးရေး၊မွေးမြူရေး၊သတ္တုနှင့်သစ်တောရေးရာ ဝန်ကြီးတီးတိန်၌အခြေခံလူတန်းစားများထောက်ပံ့ငွေပေးအပ်

ချင်းပြည်နယ်အစိုးရအဖွဲ့၊စိုက်ပျိုးရေး၊မွေးမြူရေး၊သတ္တုနှင့်သစ်တောရေးရာဝန်ကြီးဦးမန်ဟင်းဒါလ်းသည်တီးတိန်မြို့နယ်လမ်းဇန်ကျေးရွာ၌ကိုဗစ်-၁၉ကာလအတွင်းအစိုးရမှထောက်ပံ့သောအ​​ခြေခံလူတန်းစားများအားထောက်ပံ့​ငွေများကိုယနေ့မွန်းလွဲ၂နာရီတွင်သွားရောက်ပေးအပ်ကြောင်းသိရသည်။
   ထိုသို့သွားရောက်ပေးအပ်ရာတွင်ရှေးဦးစွာစိုက်ပျိုးရေး၊မွေးမြူရေး၊သတ္တုနှင့်သစ်တောရေးရာဝန်ကြီးသည်ဒေသခံပြည်သူများနှင့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေးညှိနှိုင်းသည်။ဆက်လက်၍ဒုတိယ​မြို့နယ်အုပ်ချုပ်ရေးမှူးဦးလွင်မောင်မောင်ကတီးတိန်မြို့နယ်အတွင်းအ​​ခြေခံလူတန်းစားများထောက်ပံ့မှုရှင်းလင်းပြောကြားသည်။ထို့နောက်ဝန်ကြီးကလမ်းဇန်ကျေးရွာအုပ်စုအတွင်းအခြေခံလူတန်းစားများထောက်ပံ့ငွေများပေးအပ်သည်။
တီးတိန်မြို့နယ်တွင်အ​ခြေခံလူတန်းစားအိမ်ထောင်စု(၇၀၈၇)စုရှိကာလမ်းဇန်ကျေးရွာအုပ်စုတွင်အခြေခံလူတန်းစားအိမ်ထောင်စုလမ်းဇန်ကျေးရွာ၌(၅၇)စုနှင့်ဂေါင်မွာလ်​ကျေးရွာ၌အ​​ခြေခံလူတန်းစားအိမ်ထောင်စု(၁၆)စုရှိပြီးတစ်အိမ်ထောင်လျှင်အစိုးရထောက်ပံ့ငွေကျပ်၂၀၀၀၀ရရှိကြောင်းသိရသည်။

စာစုများ -