ရိခေါ်ဒါရ်မြို့၌ မြေပြိုဘေးဒဏ်ခံအိမ်ထောင်စုတစ်စုအား ထောက်ပံ့ပစ္စည်း ၁၆ မျိုးနှင့် ကယ်ဆယ်ရေး ရန်ပုံငွေများ ထောက်ပံ့ပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှရိခေါ်ဒါရ်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့်လူနေအိမ်ပျက်စီးသွားခဲ့သည့် သဘာဝဘေးဒဏ်ခံ အိမ်ထောင်စုတစ်စုအား ထောက်ပံ့ပစ္စည်း ၁၆ မျိုးနှင့် ကယ်ဆယ်ရေး ရန်ပုံငွေများကို သြဂုတ် ၂ ရက်ကအိမ်တိုင်ရာရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းနှင့် ရန်ပုံငွေများ ပေးအပ်ရာတွင်မြေပြိုဘေးဒဏ်ခံ အိမ်ထောင်စုဖြစ်သည့် ဦးလာလ်နယ်လိန်းမိသားစုအား ထောက်ပံ့ပစ္စည်း ၁၆ မျိုး၊ အိမ်ထောင်စု မိသားစုဝင်ဦးရေအလိုက် ဆန်ရိက္ခာခုနှစ်ရက်စာထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ စသည်ဖြင့်  ထောက်ပံ့မှုခေါင်းစဉ်သုံးမျိုးဖြင့် ထောက်ပံ့ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြေပြိုဘေးဒဏ်ခံခဲ့တဲ့မနက်ခင်းမှာပဲ ကျွန်တော်တို့မိသားစုကိုကူညီပေးဖို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နဲ့အတူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်ဌာန၊ လဝကဦးစီးဌာနနဲ့ အခြားဌာနဆိုင်ရာများ၊ကျွန်တော်တို့ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့နဲ့ရပ်ကွက်လူငယ်အဖွဲ့အစည်းများရောက်ရှိလာကြပြီးတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ပေးမှုအပေါ် အတိုင်းမသိ ကျေးဇူးတင်ပါတယ်။ ယခုမှာလဲ မထင်မှတ်ပဲ နဲ့ ဖလမ်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း နဲ့ ထောက်ပံ့ငွေများ ပေးအပ်မှုအပေါ်အထူးကျေးဇူးတင်ရှိပါတယ်။”ဟုသဘာဝဘေးဒဏ်ခံ မိသားစုမှ အိမ်ထောင်ဦးစီးဦးလာလ်နယ်လိန်းကပြောသည်။
အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  ဖလမ်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလာလ်မွာန်ပွီးနှင့်အတူ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ အမှတ်  (၂)  ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့မှ     ပူးပေါင်ဆောင်ရွက်ပေးပြီး သဘာဝဘေးဒဏ်ခံမိသားစု ဝင်များအား နှစ်သိမ့်အားပေးစကားပြောကြားခဲ့သည်။
ပြီးခဲ့သည့်  သြဂုတ် ၁ ရက် နံနက် ၅ နာရီခွဲအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုကျမှုကြောင့်  ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဦးလာလ်နယ်လိန်းမိသားစုနေအိမ်အား ပျက်စီးခဲ့ခြင်းဖြစ်ပြီး သဘဝဘေးဒဏ်ခံမိသားစုဝင်များအားရိခေါ်ဒါရ်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီမှ ဦးဗိုင်လျန်ဆုန်းနေအိမ်သို့ ယာယီပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

စာစုများ -