ရိခေါ်ဒါရ်၌ အသွားအလာကန့်သတ်စောင့်ကြည့်ကာလ (၂၁)ပြည့်ပြီးသူ သုံးဦးတို့အား မိမိတို့ နေအိမ်အသီးသီးသို့ Home Quarantine ဆက်လက်စောင့်ကြည့်ရန်စေလွှတ်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာသူ သုံးဦးတို့အားပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်မှစ၍ ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံ၌ အသွားအလာကန့်သတ်ခြင်း Facility Quarantine စောင့်ကြည့်ထားရှိခဲ့ရာ ယနေ့ သြဂုတ်၃ ရက်နေ့တွင် စောင့်ကြည့်ကာလ ၂၁ ရက်ပြည့်ပြီးဖြစ်၍ မိမိနေအိမ်အသီးသီးသို့
ဆက်လက်စောင့်ကြည့်ရန် စေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်လာသူ သုံးဦးတို့သည် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်နှင့် ဖလမ်းမြို့နယ်၊ တလန်ဇောလ်ကျေးရွာများတွင် နေထိုင်ကြသူများဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့နှင့်ကြမ်ဖိုင်မြို့များသို့ သွားရောက်ခဲ့ရာမှ နေရပ်ပြန်လာကြသူ များဖြစ်ပြီး ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံ၌ စောင့်ကြည့်ထားရှိစဉ် ၎င်းတို့၏ Nasopharyngeal Swabs နမူနာအား COVID-19 ရောဂါပိုးရှိ/မရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ၊ COVID-19 ရောဂါပိုး တွေ့ရှိခြင်းမရှိ ကြောင်း Swabsနမူနာအဖြေထွက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ စောင့်ကြည့်ခံ သုံးဦးတို့အား
ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဆိုင်ရာ ထောက်ခံချက် Certificateများထုတ်ပေးခဲ့ပြီး ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး  ကော်မတီမှ ၎င်းတို့နေထိုင်သည့်ဒေသ၊ နေအိမ်အသီးသီးသို့ Home Quarantineဆက်လက် စောင့်ကြည့်ရန် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့တွင် လက်ရှိအခြေအနေ၌ ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာသူများ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားသူ မရှိတော့ကြောင်း သိရသည်။

စာစုများ -