ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေး၊သတ္တုနှင့် သစ်တောရေးရာဝန်ကြီးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအ​ကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်​ရေးမှူးများ တီးတိန်၌​ တွေ့ဆုံပွဲပြုလုပ်

             ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေး၊သတ္တုနှင့် သစ်တောရေးရာဝန်ကြီး(တီးတိန်မြို့နယ်တာဝန်ခံဝန်ကြီး) ဦးမန်ဟင်းဒါလ်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို (၃.၈.၂၀၂၀) နံနက်၉နာရီတွင် တီးတိန်မြို့ ခွာဒိုခန်းမ၌  ပြုလုပ်သည်။ တွေ့ဆုံပွဲတွင် ဝန်ကြီးကအမှာစကားပြောကြားရာတွင် မကြာမီကျင်းပမည့်အထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ၏ဆန္ဒကိုဖော်ထုတ်သည့်​ ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်ကြစေလိုကြောင်း၊ ပါတီ၊ လူပုဂ္ဂိုလ်ဘက်လိုက်မှုမရှိရန်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့်ဘက်လိုက်မှုမရှိဘဲပြည်သူများ ရပိုင်ခွင့်များရရှိရေးဆောင်ရွက်ကြရန်၊ ပါတီများ စည်းရုံးရေးကွင်းဆင်းရာတွင် ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရတို့၏ လမ်းညွှန်ချက်အတိုင်းသွားလာရေးအခက်အခဲကြောင့် ပါတီများစည်းရုံးရေး ကွင်းဆင်းခြင်းမ​​​ပြုနိုင်သည့် အခြေအနေမျိုးမဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ကြရန်၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်သူများ ဝိုင်းဝန်းကြိုးစားကြရန်လိုအပ်ကြောင်း၊ စသည်များပြောကြားသွားသည်။ ဆက်လက်၍တွေ့ဆုံပွဲတက်ရောက်လာသူတို့က သိရှိလိုသောအကြောင်းအရာများ မေးမြန်းဆွေးနွေးကြရာဝန်ကြီးကပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရသည်။

စာစုများ -