ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းစီမံကိန်း ကြည့်ရှုစစ်ဆေး
            ချင်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ဇူလိုင် ၃၁ ညနေက ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းစီမံကိန်းကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်သည် လေယာဉ်ကွင်းမြောက်ဖက်ရှိ တောင်ဖြိုခြင်းလုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီးနောက် လေယာဉ်ကွင်းရှင်းလင်းဆောင်သို့‌ရောက်ရှိပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက လေယာဉ်ကွင်း Fly Check ဆောင်ရွက်ရာတွင် လေယာဉ်မှူး၏ အကြံပြုချက်နှင့်ပတ်သက်ပြီး လုပ်ဆောင်ရမည့်အခြေအနေများကို Power Point ဖြင့်ရှင်းလင်းသည်။ ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း Fly Check ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်ထိပြုလုပ်ကာ လေယာဉ်မှူး၏ အကြံပြုချက်အပေါ် လေယာဉ်မှူးများ ပိုမိုအန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ရန် လေယာဉ်ကွင်းမြောက်ဖက်ရှိ Runway(18) ဘယ် ညာ တောင်ကုန်းကို ပိုင်းဖြတ်ခြင်း၊ နှိမ့်ချခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် Test Landing နှင့် လေယာဉ်ကွင်းဖွင့်ပွဲများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စာစုများ -