တီးတိန်မြို့နယ်၌ (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမ အကြိမ်မဲဆန္ဒရှင်စာရင်း ၆၅ ရာခိုင်နှုန်း ကြည့်ရှုပြီးစီးမှု

ချင်းပြည်နယ်၊တီးတိန်မြို့နယ်တွင်  (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကို  ဇူလိုင် ၂၅ ရက်ကစတင်၍မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထား​ကြောင်းသိရသည်။ ထိုသို့ကြေညာရာတွင် ယနေ့အထိတီးတိန်မြို့နယ်အတွင်း၌ မဲစာရင်းလာရောက်ကြည့်ရှုသူပေါင်း (၁၀၃၆၅) ဦးရှိပြီး ပုံစံ(၃)ဖြင့် တောင်းဆိုသူ (၅၁၈) ဦး၊ပုံစံ (၄)ဖြင့် ကန့်ကွက်မှု (၁၁၀၀) ဦးနှင့် ပုံစံ (၄-ဂ)ဖြင့် အချက်အလက်ပြင်ဆင်မှု (၁၁၃၆) ဦးရှိကြောင်းသိရသည်။ တီးတိန်မြို့နယ်တွင်ခိုင်ကမ်းမြို့အပါအဝင် မဲရုံ (၁၄၀)ရုံရှိပြီး ပထမအကြိမ်မဲဆန္ဒရှင်စာရင်း (၆၁၀၀၁) ဦးရှိသည့်အနက် ၆၅ ရာခိုင်နှုန်းက လာရောက်ကြည့်ရှုပြီး​​ဖြစ်ကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှသိရသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသောမဲဆန္ဒရှင်စာရင်းတွင် "သင့်အမည်ပါဝင်ပါသလား" လက်ကမ်းစာစောင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ မဲဆန္ဒရှင်ပြည်သူများထံသို့ ဖြန့်ဝေထားကြောင်းသိရသည်။

 

စာစုများ -