ချင်းပြည်နယ် သမဝါယမဦးစီးဌာနမှ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ချင်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဩဂုတ်လ (၈) ရက်နေ့ နံနက် (၆) နာရီ အချိန်က ဟားခါးမြို့ ၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဖွင့်လှစ်ပြီး တက်ရောက်လာကြသည့် ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများက ဟားခါးမြို့ဇေတဝန်တောရကျောင်းတိုက် ဆရာတော် ဒေါက်တာအရှင် တေဇောသာရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် ချင်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများက သံဃာတော်အရှင်သူမြတ်ထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဟားခါးမြို့ဇေတဝန်တောရကျောင်းတိုက် ဆရာတော်၊ ဒေါက်တာအရှင် တေဇောသာရ ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီးနောက် ရွှေမိုးငွေမိုးများရွာသွန်းဖြိုးပေးခဲ့ကြောင်း သိရှိရသည်။

စာစုများ -