ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
                   ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြည်နယ်အတွင်းရှိ အဝင်အထွက်ဂိတ်များအပါအဝင် မြို့အဝင်ဂိတ်များ စိစစ်ကြပ်မတ်ရေး၊စျေးဆိုင်များနှင့် စားသောက်ဆိုင် အရောင်းဆိုင်များ အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်စိစစ်ဆောင်ရွက်နိုင်ရေး စသည့် လုပ်ငန်းများ အပါအဝင် COVID-19 ရောဂါ ထိန်းချုပ်ကုသနိုင်ရေး သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၏ ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၂၄ ရက် ညနေ ၃ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ ၊ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် ၊အဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ ရှေးဦးစွာ ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ အဝင်အထွက်ဂိတ်များ အပါအဝင် မြို့အဝင်ဂိတ်များ စိစစ်ကြပ်မတ်ရေး၊စျေးဆိုင်များနှင့် စားသောက်ဆိုင်များ၊ အရောင်းဆိုင်များ အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိ မရှိ ဆက်လက်စိစစ်ဆောင်ရွက်နိုင်ရေး၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနကထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့်အညီ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ဆွေးနွေးကာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် Community Based Facility Qurantine စိစစ်ကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဌ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းက ချင်းပြည်နယ်အတွင်း Community Based Facility Qurantine ထားရှိမှု အခြေအနေ၊ Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လက်တလော ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသောလမ်းညွှန်ချက်များအပေါ် ပြည်နယ် အဆင့် ကော်မတီဝင်များအနေဖြင့် စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီးနောက် သက်ဆိုင်ရာဆပ်ကော်မတီများက ကဏ္ဍအလိုက်ဆွေးနွေး တင်ပြကြသည်။ ထို့နောက် ချင်းပြည်နယ်Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက လုပ်ငန်းကော်မတီအလိုက် တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေး၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ COVID-19 ရောဂါ ထိန်းချုပ်ရေးအတွက် လုပ်ငန်းလိုအပ်သည်များကို သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။ ယင်းနောက် ချင်းပြည်နယ်ဝန်ကြီးချုပ်က COVID-19 ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာဌာနများက မိမိတို့ဌာနအလိုက် လုပ်ငန်းတွေကို စနစ်တကျ တာဝန်ပေးမှု၊ စီမံခန့်ခွဲဆောင်ရွက်မှုတွေဖြင့် စနစ်တကျဆောင်ရွက်နိုင်ရေး၊ လိုအပ်ပါကဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန် နိဂုံးချုပ် အမှာစကားပြောကြားသည်။
စာစုများ -