ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မတူပီမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
                    ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၂)နာရီအချိန် မတူပီမြို့ ဘုံတလာခန်းမ၌ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မတူပီမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ မြို့မိမြို့ဖ ဥက္ကဌ ဦးထန်ကျင်း နှင့် ပလက်ဝမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြို့မိမြို့ဖအတွင်းရေးမှူး ဦးတိတ်မင်းတို့က အသီးအသီးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်ချင်းပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက COVID-19 ကာလအတွင်း မတူပီမြို့နယ် စေတနာ့ဝန်ထမ်း (Volunteer)ထမ်းဆောင်သူများအား ဂုဏ်ပြုငွေကျပ် (၁၀)သိန်းချီးမြှင့်ခဲ့သည် ။ ဆက်လက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က မတူပီခရိုင်/မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်း ပေးအပ်ခဲ့ကြောင်းသိရသည်။
စာစုများ -