ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့ မတူပီမြို့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
                   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီ:ဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့်အဖွဲ့သည် စက်တင်ဘာလ(၄)ရက်နေ့ နေ့လည် (၁၂:၃၀)နာရီအချိန်က မတူပီ- မင်းတပ်လမ်းရှိ လည်မျိုတံတားအရှည် ပေ (၂၄၀) သံကူကွန်ကရစ်တံတား ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုနောက် နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် မတူပီမြို့ ၆၆ကေဗွီ မဟာဓာတ် အားခွဲရုံအားကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ရာ အဆိုပါ မဟာဓာတ် အား ခွဲရုံ လည်ပတ်နေသည့် အခြေအနေကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြသခဲ့သည်။ ဆက်လက်ပြီး ဒုတိယသမ္မတနှင့်အဖွဲ့သည် ချင်းပြည်နယ်အစိုးရအဖွဲ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မတူပီ ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန RCC သုံးထပ်အဆောက်အအုံဆောက်လုပ်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်ကာလအတွင်း ဝန်ထမ်းများ ၊ အလုပ်သမားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီစနစ်တကျဆောင်ရွက်ရန် ပြောကြားခဲ့ရာ အဆောက်အဦ အထူး (၁၀) မှ တာဝန်ရှိသူတစ်ဦးကအဆောက်အအုံ ဆောက်လုပ်ပြီ:စီးမှုအခြေအနေများကို ရှင်းလင်းခဲ့ကြောင်းသိရသည်။
စာစုများ -