ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တီးတိန်မြို့၌ မသန်စွမ်းသူများ ထောက်ပံ့ငွေပေးအပ်

                    ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ယနေ့နေ့လည် ၁၁ နာရီက တီးတိန်မြို့အစိုးရမူလတန်းကြိုကျောင်း၌ပြုလုပ်သည့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော မသန်စွမ်းသူများထောက်ပံ့ခြင်း အခမ်းအနားသို့တက်ရောက်ပြီး ထောက်ပံ့ငွေများပေးအပ်ကြောင်း
သိရသည်။ ရှေးဦးစွာ လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားရာတွင် ယခုလို ထောက်ပံ့ငွေများပေးအပ်ခြင်းသည် ကိုဗစ်-၁၉ ရောဂါကြောင့် အပိုထပ်ဆောင်းထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ထောက်ပံ့ငွေအကျိုးခံစားမည့်သူများထံသို့
အရောက်ပေးပို့ကြရန် အထူးမှာကြားလိုကြောင်း ပြောကြားသည်။ ထို့နောက် လူမှုရေးဝန်ကြီးမှ မသန်စွမ်းသူ(၄)ဦးအား ထောက်ပံ့ငွေများပေးအပ်သည်။ယင်းနောက် ဆိုင်းဇန်ကျေးရွာ၊ဒိမ်ပီးကျေးရွာ၊ထန်းဇန်ကျေးရွာ၊ဗာလ်းဗုမ်းကျေးရွာ၊ဒမ်ပီးကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသည့်အသက်(၂) နှစ်အောက် ကလေးများအတွက်ထောက်ပံ့ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်သည်။ ဆက်လက်၍ ကိုဗစ်- ၁၉ ကာလ တီးတိန်မြို့လူငယ်စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်သည်။ တီးတိန်မြို့နယ်တွင် မသန်စွမ်းသူ၁၆၃၂ ဦး ရှိပြီးတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ိ/- စီရရှိကြမည်ဖြစ်ကြောင်း တီးတိန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

စာစုများ -