မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားသော အချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်မှု ရှိ၊မရှိ ကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ် ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော အချက်များနှင့်အညီ မော်တော်ယဉ်ပြေးဆွဲရာတွင် လိုက်နာဆောင်ရွက်မှုရှိ၊မရှိ COVID-19​ ရောဂါကာကွယ်တားဆီးရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို စက်တင်ဘာလ ၈ရက်နေ့ ညနေ ၅နာရီက ဟားခါးမြို့အဝေးပြေး ကားဂိတ်တွင် ပြည်နယ်ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်၊ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်ဦးနှင့်ဝန်ထမ်းများ၊ အမှတ်(၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဟားခါးမြို့ အဝင်ဂိတ်များနှင့်အဝေးပြေးကားဂိတ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာ COVID-19​ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူသုံး ယာဉ်ကြီး၊ ယာဉ်ငယ်နှင့် အဝေးပြေးကားဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များတွင် ပါဝင်သည့် ခရီးသွားပြည်သူများ ၊ ယာဉ်ဝန်ထမ်းများ၊ယာဉ်လိုင်းပိုင်ရှင်များနှင့် အငှားယာဉ်မောင်းများ လိုက်နာ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ အဝေးပြေးကားဂိတ်၊ ယာဉ်ရပ်နားစခန်းများကို ပိုးသတ်ဆေးဖျန်း ခြင်းနှင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုပါသည့် ခရီးသည်များအားလုံး Mask တပ်ဆင်မှု ရှိ၊မရှိ၊ လက်သန့်ဆေးရည်များ အသုံးပြုမှုရှိ၊မရှိ၊ အပူချိန်တိုင်းတာပေးခြင်းနှင့် ခရီးသွားများ လိုက်နာရမည့်စည်းကမ်းများ လိုက်နာမှု ရှိ၊မရှိ ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။ထို့နောက် ပူးပေါင်းအဖွဲ့သည် COVID-19​ ရောဂါကာကွယ်တားဆီးရေးအတွက် မိမိလုပ်ငန်း ကဏ္ဍအလိုက် အသိပညာပေးဆွေးနွေးခဲ့ကြပြီးနောက် မိမိဌာနလုပ်ငန်းစဉ်အတိုင်း မော်တော်ယာဉ်၏ အင်္ဂါရပ်များ ပြည့်စုံမှုရှိ၊မရှိနှင့် ယာဉ်မောင်း၊ယာဉ်နောက်လိုက်ခရီးသည်ပြည်သူများ အနေဖြင့် လိုက်နာရမည့် အချက်များ လိုက်နာမှုရှိ၊မရှိတို့ကိုကွင်းဆင်း စစ်ဆေးခဲ့ကြပြီးလိုက်နာမှုမရှိပါက အရေးယူခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

စာစုများ -