ဟားခါးမြို့နယ်၌ COVID_19ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ အများပြည်သူများ သိရှိလိုက်နာနိုင်စေရေးအတွက် (COVID-19)  ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေး အသိပညာ ပေးခြင်းနှင့်  ကျန်းမာရေး အသိပညာပေးလက်ကမ်း စာစောင် ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို စက်တင်ဘာလ ၉ရက်နေ့ နံနက်၁၀ နာရီက ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် မြို့နယ် (COVID-19)  ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဉက္ကဌ နှင့် အဖွဲ့ဝင်များက အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ကြပါသည်။အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ် (COVID-19)  ကာကွယ်ရေးနှင့်တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဉက္ကဌ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဝန်ထမ်းများ၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်ကျန်းမာရေးဌာန၊မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ထို့နောက် မြို့နယ် (COVID-19)  ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဉက္ကဌ နှင့်အဖွဲ့ သည် ဟားခါးG.T.Iကျောင်းနှင့် ဟားခါးတက္ကသိုလ်တွင်  Facility Quarantine ဝင်ရောက်နေသူများ၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ လိုက်လံကွင်းဆင်းကြည့်ရှုခြင်းနှင့် Facility Quarantine ၂၄ ရက်ပြည့်၍ ပြန်လည်စေလွှတ်သူ ထိုင်းနိုင်ငံမှ ပြန်လာသူ အသက်၃၂နှစ် အမျိုးသမီးတစ်ဦးအား ထောက်ပံ့ကြေးများပေးအပ်ပြီး မိမိအိမ်တွင် Home Quarantine ၇ ရက်ထပ်မံ နေရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

စာစုများ -