ပြည်သူများအား မလိုအပ်ပဲအပြင်မထွက်ကြရန်တိုက်တွန်းနှိုးဆော်မှုများကို ကန်ပက်လက်မြို့၌ ပြုလုပ်
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ပြည်သူများအား မလိုအပ်ပဲအပြင်မထွက်ကြရန်တိုက်တွန်းနှိုးဆော်မှုများကို မြို့ပေါ်ရှိလူအများသွားလာသည့် နေရာများတွင် ယမန်နေ့ညနေပိုင်းကပြုလုပ်ခဲ့ကြသည်။အဆိုပါ တိုက်တွန်းနှိုးဆော်မှုများကို ဌာနဆိုင်ရာများမှ လူအများသွားလာသည့်နေရာများတွင် လော်စပီကာဖြင့်ကြေငြာ‌ပေးခြင်း၊ လမ်းသွားလမ်းလာများကို ပညာပေးခြင်းနှင့် မြို့တွင်း၌လည်း ကားဖြင့် လှည့်လည်တိုက်တွန်းနှိုးဆော်ခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရပါသည်။ယင်းသို့တိုက်တွန်းနှိုးဆော်ကြရာတွင် မလိုအပ်ပဲ အပြင်မထွက်ကြရန်၊ မဖြစ်မနေထွက်ရမည်ဆိုလျှင် တစ်ဦးတည်းထွက်ရန်၊ Mask တပ်ရန်နှင့် အခြားကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို ဂရုပြုလိုက်နာဆောင်ရွက်ကြရန်ဖြစ်ပြီး အသိပညာပေးဗွီနိုင်းများကိုလည်း လမ်းဆုံလမ်းခွနေရာများတွင် စိုက်ထူသွားကြမည်ဖြစ်ကြောင်းသိရပါသည်။
စာစုများ -