ဟားခါးမြို့နယ်အတွင်း ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း ၃၄ဦးရှိကြောင်း သိရ

                    ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး စက်တင်ဘာလ ၉ရက်နေ့ အထိ Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း ၃၄ဦး ကျန်ရှိလျက်ရှိကြောင်း ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။ ဟားခါးမြို့နယ်အတွင်း  Facility Quarantine ဝင်ရောက်နေသူ ၃၄ဦး မှာ ပြည်ပနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ကျား(၂)ဦး တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသူ ကျား(၁)ဦးနှင့် ပြည်တွင်း တိုင်းခြား၊ပြည်နယ်ခြားမှ ပြန်လည်ဝင်ရောက်လာသူ ကျား(၂၃)ဦး၊မ(၈)ဦး ဖြစ်ကြောင်း၊ အဆိုပါ ၃၄ဦးအား ဟားခါးမြို့ G.T.I​ကျောင်း Facility Quarantine တွင် (၃၂)ဦးနှင့် ဟားခါးတက္ကသိုလ် Facility Quarantine တွင် (၂)ဦး ထားရှိပြီး Swabနမူနာ ပထမအကြိမ်ယူပြီးသူ (၇)ဦးရှိကြောင်း၊ ဒုတိယအကြိမ် Swabနမူနာ စစ်ဆေးခံရမည့်သူများနှင့်  Swabနမူနာ မစစ်ဆေးရသေး သည့် သူများအား ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များက ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ Swabနမူနာ (၂)ကြိမ်စီ စစ်ဆေးသွားပြီးနောက်  (COVID-19)  ရောဂါပိုးမတွေ့ ရှိသူများအား Facility Quarantine ၂၁ရက်ပြည့်လျှင် ပြန်လည်စေလွှတ်၍ Home Quarantine ၇ရက် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း နှင့် Facility Quarantine ဝင်ရောက်နေသူများအား ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များနှင့် လူငယ် Volunteerများပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ဟားခါးမြို့နယ်အတွင်း  Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀)ကျပ်နှုန်းဖြင့် ၂၁ရက်အတွက် ငွေကျပ်၇၃၅၀၀ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၅နှစ်အောက် ကလေးငယ်များနှင့် အသက် ၆၀အထက် များအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀နှုန်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

စာစုများ -