ထန်တလန်မြို့၌ Community Base Facility Quarantine ထားရှိမည့်နေရာ ဖျက်ဆီးခံရသဖြင့် ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
                 ချင်းပြည်နယ်၊ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာသူများနှင့် ရောဂါပိုးတွေ့ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူများအား Community Base Facility Quarantine ထားရှိရန်​အတွက်ပြင်ဆင်ထားသည့် ​ထန်တလန်မြို့အမှတ်(၃) ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံအဆောက်အအုံအတွင်းရှိ အခန်းအကာအရံများနှင့်ကုတင်များအား ဖျက်ဆီးခံရကြောင်းသိရသည်။ အဆိုပါဖျက်ဆီးခံရသည့်နေရာသို့ စက်တင်ဘာ ၈ ရက်နေ့ ညနေ ၆ နာရီအချိန်က ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​​၊ ​ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြပြီး Community Base Facility Quarantine နေရာအဖြစ် ဆက်လက်အသုံးပြုနိုင်ရန်အတွက် ပြန်လည်ပြုပြင်ရမည့်လုပ်ငန်းများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ Community Base Facility Quarantineထားရှိရန်အတွက် ပြင်ဆင်ထားသည့် မိုးလုံလေလုံအားကစားရုံအဆောက်အအုံအတွင်းရှိ လူနေအခန်းအကာအရံများနှင့်ကုတင်များကိုဖျက်ဆီးသူများအား အမြန်ဆုံးစုံစမ်းဖော်ထုတ်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
စာစုများ -