လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဥ်(CERP)အရ မသန်စွမ်းသူများအား ထောက်ပံငွေပေးအပ်
               ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဥ်(CERP) အရ နိုင်ငံတော်မှထောက်ပံ့ပေးသည့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ယနေ့ နံနက်ပိုင်းအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မသန်စွမ်းသူများ၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။ ထောက်ပံ့ငွေများပေးအပ်ရာ၌ လိုင်လင်းပီမြို့ပေါ်ရပ်ကွက် (၂)ခုရှိ မသန်စွမ်း(၃၉)ဦးကို တစ်ဦးလျှင် ကျပ်(၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း ကျပ်(၁,၁၇၀,၀၀၀)ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါထောက်ပံ့ငွေများကို မတူပီမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှတဆင့် လိုင်လင်းပီမြို့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူ ပြန်လည်ဖြန့်ဝေပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စာစုများ -