ကျီခါးမြို့အ၀င်/ထွက်ဂိတ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန်မပြတ် ဆောင်ရွက်လျက်ရှိ
                ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အ၀င်/ထွက်နေရာများ၌ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ်အရှိန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့အ၀င်/ထွက်၌ မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာ‌နေကြသောခရီးသွား ပြည်သူများအား ခရီးသွားမှတ်တမ်းများ စနစ်တကျရယူခြင်း ၊ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ပါးစပ်နှာ‌ခေါင်းစည်း(mask) များတပ်ဆင်ထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊ တပ်ဆင်ထားခြင်းမရှိသူ များအားတပ်ဆင်စေခြင်းနှင့်ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန
၏ အသိပေးထုတ်ပြန်ထားသည့်ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာစေရေးအသိ‌ပညာပေးခြင်းစသည့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့်အရေးပေါ်‌တုန့်ပြန်ရေး ကော်မတီအဖွဲ့၀င်များ၊ကျန်းမာရေး၀န်ထမ်းများနှင့် Volunteer အဖွဲ့များပူးပေါင်းပြီး နေ့စဉ်အရှိန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စာစုများ -