ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မတူပီမြို့နယ်၊ ဟာတူးကျေးရွာတွင် ကျွဲ၊ နွားနောက်များကို ပေါင်ပုပ်လက်ပုပ်ကာကွယ်ဆေး ထိုးနှံပေး

                ချင်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒေါက်တာမြင့်လွင့်နှင့် အဖွဲ့သည် (၂၈.၈.၂၀၂၀) ရက်နေ့ မတူပီမြို့နယ်၊ ဟာတူးကျေးရွာတွင် ပေါင်ပုပ်လက်ပုပ် ကာကွယ်ဆေးကို ကျွဲ(၂၀)ကောင်၊ နွားနောက်(၁၅)ကောင် ထိုးနှံပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် ကာကွယ်ဆေးထိုးနှံခြင်း အလေ့အကျင့်တစ်ခုအနေဖြင့် ပြုလုပ် တတ်လာစေရန်၊ ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ထိရောက် ကြောင်း အသိပညာရလာစေရန်၊ တိရစ္ဆာန်ရောဂါကာကွယ်/ကုသ လုပ်ငန်းများ ပြုလုပ်လာခြင်းဖြင့် တိရစ္ဆာန်များ အသေအပျောက်နည်းပြီး မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ မွေးမြူရေး လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပညာများ ရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင် လာနိုင်ရန်၊ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအား လိုက်နာဆောင်ရွက်ကြစေရန်၊ ပြည်သူများကို ဘေးကင်းပြီး အာဟာရပြည့်ဝသည့် အသားများ စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်စေရန် စသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

စာစုများ -