တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိ
              ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၈) နာရီအချိန်တွင် ကိုဗစ်-၁၉ ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို တွန်းဇံမြို့ပေါ် အတွင်း လှည့်လည်ဆောင်ရွက်ပေးလျက်ရှိသည်။ ချင်းပြည်နယ်၊ တွန်းဇံမြို့ပေါ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေး အတွက် အသိပညာပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်၊ တွန်းဇံမြို့ပေါ်ရှိ ပြည်သူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ တားဆီး၊ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် မြို့ပေါ်ရှိ ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
စာစုများ -