ဟားခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ်(၂/ ၂၀ ၂၀)ကို အရှိန်အဟုန်မြှင့် အသိပေးကြေညာ

                 ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ဆောင်ရန်ရှောင်ရန်များနှင့် ဟားခါးမြို့နယ်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ်(၂/ ၂၀ ၂၀) ကို ပြည်သူများ သိရှိလိုက်နာ နိုင်စေရေးအတွက် ဟားခါးမြို့နယ်အတွင်း မြို့ပေါ်၊ကျေးရွာများ အားလုံးသို့ အသံချဲ့စက်ဖြင့် အသိပေးကြေညာများကို  နေ့စဉ် အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်များ ၊ လက်ကိုင်စပီကာများဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ဆောင်ရန်ရှောင်ရန်များနှင့် ဟားခါးမြို့နယ်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ်(၂/ ၂၀ ၂၀) ကို နေ့၊ည အချိန်မှန် အသိပေး ကြေညာပေးလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ဟားခါးမြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ်(၂/ ၂၀ ၂၀) တွင် မိမိအိမ်နှင့်ပတ်ဝန်းကျင်တွင် ပြည်တွင်း ပြည်ပများမှ ပြန်လည်ရောက်ရှိလာသူများရှိပါက Facility Quarantine ထားရှိနိုင်ရေးအတွက် ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်သွယ်သတင်းပို့ပေးကြရန် အပါအဝင် ပြည်သူအများ လိုက်နာရမည့် အချက်ပေါင်း (၁၀)ချက်ပါဝင်ပြီး ပြည်သူများ သိရှိလိုက်နာမှုရှိစေရန်အတွက် အရှိန်အဟုန်မြှင့် ကြေညာပေးလျက်ရှိကြောင်း၊ ညွှန်ကြားချက်များကိုလိုက်နာခြင်းမရှိသူများအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရှိရသည်။

စာစုများ -