တီးတိန်မြို့နယ်၌ နေရပ်ပြန်ပြည်သူ (၂၈)ဦး Facility Quarantine ခံယူလျက်ရှိ

                      ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ နေရပ်ပြန်ပြည်သူ(၂၈)ဦးတို့သည် ယခုလတ်တလောအချိန်တွင် သတ်မှတ်ထားသည့် Facility Quarantine Centre နေရာများတွင် စောင့်ကြပ်ကြည့်ရှုခြင်းခံယူလျက်ရှိကြကြောင်း သိရသည်။ အဆိုပါ​ နေရပ်ပြန်သူတို့သည် အိန္ဒိယနိုင်ငံမှ ပြန်လာသူအမျိုးသား(၁၀) ဦးနှင့် အမျိုးသမီး (၁) ဦး၊တရုတ်နိုင်ငံမှ ပြန်လာသူ အမျိုးသား(၈)ဦးနှင့်မျိုးသမီး (၄)ဦး၊ရခိုင်​ပြည်နယ်မှ အမျိုးသမီး (၁)ဦး၊ရန်ကုန်(လှိုင်သာ ယာ)မှ အမျိုးသား (၁)ဦးနှင့် အမျိုး သမီး (၁)ဦး၊ဇီးပင်ကြီးမှ အမျိုးသား(၁)ဦးနှင့် မိတ္ထီလာမှ အမျိုးသား (၁)ဦး၊စုစုပေါင်း အမျိုးသား (၂၁)ဦးနှင့် အမျိုးသမီး (၇)ဦးတို့ဖြစ်သည်။ ထိုသို့ စောင့်ကြပ်ကြည့်ရှုခြင်းခံယူရာတွင် တီးတိန်မြို့အစိုးရနည်းပညာသင်တန်းကျောင်းFacility QuarantineCentre ၌ (၁၈)ဦး၊ပန်းဆပ်ကျေးရွာတွင်း အိမ်အလွတ်၌ (၁)ဦး၊ဟေလေးကျေးရွာအတွင်းအိမ်အလွတ်၌ (၁)ဦး၊ခိုင်ကမ်းမြို့ Facility Quarantine Centre ၌ (၁)ဦး၊မွာလ်လုမ်းကျေးရွာတွင်းအိမ်အလွတ်၌ (၃)ဦး၊လန်ဇန်ကျေးရွာအတွင်း အိမ်အလွတ်၌ (၂)ဦးနှင့် ဒိမ်ပီး(အလက) ဝန်ထမ်းအိမ်ရာ၌(၂)ဦးတို့အား အသီးသီးစောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

စာစုများ -