ထန်တလန်မြို့ မြို့မစျေးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း(Mask) (၃၀၀)ခုအခမဲ့ ဖြန့်ဝေ
               ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ အမှတ်(၁၀၂) ယာဥ်ထိန်းရဲတပ်ဖွဲ့စုရုံး(ထန်တလန်) မှ ယာဥ်ထိန်းရဲအုပ် စိုးဝင်းသန်းနှင့် ထန်တလန်မြို့မရဲစခန်း ဒု-ရဲဲအုပ် ဟိန်းဝေဇင်လတ်တို့ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်း(Mask) များ(၃၀၀)ခုအခမဲ့ဖြန့်ဝေပေးခြင်းကို စက်တင်ဘာလ ၁၄ ရက် နံနက် ၉ နာရီက လူစည်ကား​နေရာဖြစ်သော ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ် စည်ပင်သာယာစျေးရှေ့၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင် ထန်တလန်မြို့ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်တို့ပူးပေါင်း၍ စျေးရောင်း​စျေးဝယ်သူများ၊လမ်းသွားလမ်းလာသူများ၊ တော်ယာဥ်များနှင့်မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာကြရန် နှာခေါင်းစည်းတစ်ခုကို အကြိမ်ကြိမ်အသုံးမပြုမိစေရေးအတွက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ပြည်သူများ မလိုအပ်ပဲ အိမ်အပြင်မထွက်ကြရန် လိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
စာစုများ -