ကျီခါးမြို့ Facility Quarantine Centerအဖြစ် အသုံးပြုသည့် မိုးလုံလေလုံအားကစားရုံ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
                  ချင်းပြည်နယ်၊ ကျီခါးမြို့၌ နေရပ်ပြန်သူများအား ကျန်းမာရေးစောင့်ကြည့်ဆောင်ရွက်နိုင်‌ရေး Quarantine Centerအဖြစ် အသုံးပြုထားသည့် မိုးလုံလေလုံအားကစားရုံ၌ ယနေ့နံနက်(၁၁)နာရီ အချိန်က စုပေါင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကျီခါးမြို့ မိုးလုံလေလုံအားကစားရုံအား အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်သူများကို စနစ်တကျ ကျန်းမာရေးစောင့်ကြည့်နိုင်ရေး Facility Quarantine Centerအဖြစ်အသုံးပြုခဲ့ရာ လက်ရှိတွင် အဆိုပါနေရာ၌ အသွားအလာကန့်သန့်ထားပြီး ကျန်းမာရေးစောင့်ကြည့်ခံထားရသူများသည် သတ်မှတ်ကာလပြီးမြောက်ပြီး ၎င်းတို့အား မိမိတို့သက်ဆိုင်ရာနေအိမ်၌သာ (Home Quarantine) ဆက်လက်နေထိုင်ရေး ပြန်လည်စေလွှတ်ထားပြီးဖြစ်သဖြင့် Quarantine Center အဖြစ်အသုံးပြုခဲ့သော ကျီခါးမြို့မိုးလုံလေလုံ အားကစားရုံ သန့်ရှင်းသာယာလှပရေးအတွက် အားကစားရုံအတွင်း/အပြင်သန့်ရှင်ရေး‌ ဆောင်ရွက်ခြင်း၊ပိုးသတ်ဆေးဖြန်းခြင်း ၊သတ်မှတ် စည်းကမ်းချက်များ စနစ်တကျကပ်ထားခြင်းနှင့်ပြည်တွင်း/ပြည်ပမှ ထပ်မံဝင်‌ရောက်လာမည့် နေရပ်ပြန်သူများအား စနစ်တကျ ဆက်လက်ထားရှိနိုင်ရေးတို့အတွက် လိုအပ်သည်များ တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ကျီခါးမြို့အုပ်ချုပ်ရေးမှူးဦးနေအောင်ဦးဆောင်သည့် မြို့အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ် ၊ ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များ ၊ကျန်းမာရေးဝန်ထမ်းများနှင့် Volunteerအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
စာစုများ -