လူစုလူဝေးပိုမိုများပြားသည့် စုပေါင်းရုံးများ၌ COVID-19ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ တင်းကြပ်စွာဆောင်ရွက်

ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း လူစုလူဝေးပိုမိုများပြားသည့် စုပေါင်း ရုံးများ၌ COVID-19ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို စက်တင်ဘာလ ၁၅ရက်ထိ စနစ်တကျ တင်းကြပ်စွာဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။COVID-19ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဟားခါးခရိုင် စုပေါင်းရုံး၊ဟားခါးမြို့နယ်စုပေါင်းရုံးနှင့် လူစုလူဝေးများသည့် အစိုးရဘဏ်ရုံးများနှင့် ပုဂ္ဂလိက ဘဏ်ရုံးများအပြင် စည်ပင်သာယာစျေးများတွင် စနစ်တကျတင်းကြပ်စွာဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။အဆိုပါ ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ စုပေါင်းရုံးများသို့လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း ၊ အမည်၊နေရပ်လိပ်စာ မေးမြန်းခြင်း ၊ နှာခေါင်းစည်း(Mask)များတပ်ဆင်ခြင်းရှိ၊မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ပိုစတာများ ဖတ်ရှုစေခြင်းများကို စနစ်တကျ ဆောင်ရွက်သည့်အပြင် ဟားခါးမြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ်(၂/ ၂၀ ၂၀) တွင် ပြည်သူအများ လိုက်နာရမည့် အချက်ပေါင်း (၁၀)ချက်ပါဝင်ပြီး ပြည်သူများသိရှိလိုက်နာမှုရှိစေရန်အတွက် အရှိန်အဟုန်မြှင့် ကြေညာပေး ကြေညာထားလျက်ရှိကြောင်း၊ ညွှန်ကြားချက်များကို လိုက်နာခြင်း မရှိသူများအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရှိရသည်။

စာစုများ -