တီးတိန်၌ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊အတွင်းရေးမှူးများ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ပြုလုပ်

ချင်းပြည်နယ်၊တီးတိန်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊အတွင်းရေးမှူးများအား ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို တီးတိန်(မြို့နယ်ပြန်/ဆက်)ရုံး၊ပြည်သူဗဟိုပြုCommunity Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကြောင်း သိရသည်။ထိုသို့ပြုလုပ်ရာတွင် တီးတိန်မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဆွင့်ခန့်ခမ်က အမှာစကား ပြောကြားပြီး သင်တန်းသင်ခန်းစာမိတ်ဆက်ခြင်း၊သင်တန်းများ၏ ရွေးကောက်ပွဲနှင့်ဆိုင်သော အခြေခံဗဟုသုတများအား ကိုယ်တိုင်အကဲဖြတ်ခြင်းနှင့် စာရင်းပြုစုခြင်းဆိုင်ရာများပို့ချသည်။သင်တန်းတွင် ရွေးကောက်ပွဲပြစ်မှု၊ ပြစ်ဒဏ်နှင့် တရားမဲ့ပြုကျင့်မှု၊မဲပေးခြင်း၊မဲရေတွက်ခြင်း၊ရလဒ်များထုတ်ပြန်ခြင်း၊ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများ လုပ်ငန်းလမ်းညွှန်ချက်နှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊မဲရုံမှူး၊ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ရှောင်ရန်၊ဆောင်ရန်အချက်များ၊နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ကြိုတင်မဲပေးခြင်း၊ပုံစံများအသုံးပြုခြင်း ဆိုင်ရာများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က ပို့ချကြသည်။ယခုလိုသင်တန်းကို တီးတိန်မြို့နယ်အတွင်းရှိ ခိုင်ကမ်းမြို့အပါအဝင် ရပ်ကွက်(၈)ခုနှင့် ကျေးရွာ အုပ်စု(၅၅)မှ အုပ်စုအဖွဲ့ခွဲပြီး တစ်ဖွဲ့လျှင် သင်တန်းသား၊သင်တန်းသူ (၃၀)ဦးကန့်သတ် ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဒိမ့်စန်းကိမ် ထံမှ သိရသည်။    

စာစုများ -