ပြည်ပမှ ပြန်လာသူ(၁၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းမရှိ၊ Facility Quarantine (၁၄)ရက် ပြည့်ပြီးသူ (၇)ဦးအား နေအိမ်သို့ ပြန်လည်စေလွှတ်မည်
ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသည့် ပြည်ပမှပြန်လာသူ(၁၃)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ပတ်( Swab )ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခြင်းမရှိကြောင်းသိရသည်။ အဆိုပါ(၁၃)ဦးသည် တရုတ်နိုင်ငံမှ ပြန်လာသူ(၁၂)ဦး နှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ(၁)ဦးတို့ဖြစ်သည်။ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပံ္ပကျောင်း၌ Facility Quarantine ဖြင့် အသွားအလာကန့်သတ်စောင့်ကြည့်သူ (၂၉)ဦးရှိပြီး စက်တင်ဘာလ (၁၅)ရက်နေ့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း(၁၄)ရက်ပြည့်ပြီးသူ(၇)ဦးကို ကျန်းမာ ကြောင်း ထောက်ခံချက်ပေးအပ်ပြီး နေအိမ်သို့ ပြန်လည်စေလွှတ်မည်ဖြစ်သည်။ ဖလမ်းမြို့၊ လုံပီး စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် Facility Quarantine ဖြင့် အသွားအလာကန့်စောင့်ကြည့်ထားသူ ပြည်တွင်း ပြည်ပမှပြန်လာသူ(၈)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ပတ်( Swab )ကို ရယူစစ်ဆေး နေဆဲဖြေစ်ကြောင်း ဖလမ်းမြို့နယ် ကျန်းမာရေးမှူး ဦးရိုနိတ်ခါး၏ ပြောပြချက်အရသိရသည်။
စာစုများ -