ဟားခါးမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်

ဟားခါးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ကျေးရွာအုပ်စုရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရှလွယ်ဆောင်၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ ဉီးမြင့်ဉီးက အဖွင့်အမှာစကားပြောကြားသည်။အဆိုပါရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းတွင် မဲစာရင်းပုံစံများအသုံးပြုခြင်း၊ကြိုတင်ဆန္ဒမဲပေးခြင်း(မသန်စွမ်းများအပါအဝင်)၊ မဲရုံမှူး၊ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း(ပို့/ပြ)နှင့်ရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲနှင့် ဆိုင်သောအခြေခံ ဗဟုသုတများအကြောင်းဆွေးနွေးခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒ ရှင်အသိပညာပေးခြင်း၊ ရွေးကောက်ပွဲဉပဒေ၊နည်းဉပဒေများ၊ လုပ်ငန်းလမ်းညွှန်နှင့်ရပ်/ကျေးကော်ခွဲ များ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲစာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများနှင့်လွှတ်တော်ကိုယ်စားလှယ် လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊အငြင်းပွားမှုများဖြေရှင်းခြင်းနှင့်စေ့စပ်ညှိနှိုင်းရေး၏ အခန်းကဏ္ဍ များကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဌနှင့် အတွင်းရေးမှူး၊ အဖွဲ့ဝင်များကဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက်  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့် ၊ ညွှန်ကြားချက်များနှင့်အညီအဆိုပါသင်တန်းကို ၂ ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

စာစုများ -