မတူပီမြို့၌ “ညမထွက်ရ” အမိန့် ထုတ်ပြန်ခြင်းလုပ်ငန်း အသိပညာပေးနှိုးဆော်ခြင်းဆောင်ရွက်
မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ၊ ကူးစက်ပျံ့နှံမှု မရှိစေရေး နှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် “ညမထွက်ရ” အမိန့်ကို ၂၀၂၀ ပြည့်နှစ်စက်တင်ဘာလ (၁၄) ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ထုတ်ပြန်သည့်နေ့မှစ၍ ပူးပေါင်းစစ်ဆေးအဖွဲ့များကနေ့စဉ်မွန်းလွဲ ၁နာရီမှ ညနေ ၅နာရီ အထိ Hand Speaker ဖြင့် ဆော်သြလှည့်လည်ကာ လမ်းဆုံ၊လမ်းခွနေရာများနှင့် အများပြည်သူသွားလာသည့် နေရာများ၊ရပ်ကွက်များသို့ အရောက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပါသည်။အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့များ၊မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စာစုများ -