တီးတိန်၌ တရားမဝင်တင်သွင်း ရောင်းချနေသည့် နိုင်ငံခြားအရက်အမျိုးမျိုးတို့အပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်စေခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊တီးတိန်မြို့၌ တရားမဝင်တင်သွင်းရောင်းချနေသည့် နိုင်ငံခြားအရက်အမျိုးမျိုးတို့အပေါ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်း​ဆောင်ရွက်ခြင်းကိုယနေ့နေ့လည် ၁၁ နာရီခွဲက တီးတိန်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် ချင်းပြည်နယ်၊ပြည်တွင်းအခွန်ဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်မိုး ခေါင်းဆောင်သော မြန်မာ့စီးပွားရေးဘဏ်၊အကောက်ခွန်ဦးစီးဌာနနှင့် မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနတို့ပူးပေါင်းပြီးOne Stop Service(OSS)အဖွဲ့သည် တီးတိန်မြို့ နိုင်ငံခြားအရက်အမျိုးမျိုးရောင်း ချခွင့်လိုင်စင်ရထားသူတို့၏ နိုင်ငံခြားအရက်အမျိုးမျိုးတို့အပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးပြီး စျေးကွက်ပေါက်စျေးအပေါ်မူတည်၍ ၆၁ ရာခိုင်နှုန်းအခွန်များသတ်မှတ် ကောက်ခံပေးသွင်း​ကြောင်းတီးတိန်မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစိုးတင်ဝင်းထံမှ သိရသည်။

စာစုများ -