ဟားခါး−ဂန့်ဂေါလမ်းတွင်မော်တော်ယာဉ်တစ်စီးအရှိန်လွန်မောင်းနှင်ရာမှ ပေ(၅၀၀)ခန့် ချောက်ထဲသို့ထိုးကျတိမ်းမှောက်မှုဖြစ်ပွား

ချင်းပြည်နယ် ဟားခါးမြို့မှ (၁၃)မိုင်ခန့်အကွာ ဟားခါး−ဂန့်ဂေါလမ်းတွင် ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာလာသော SUZu ခြောက်ဘီးကားအဖြူရောင်ယာဉ် သည်စက်တင်ဘာ ၁၆ရက် နံနက်၁၁နာရီ အချိန်ခန့်ကယာဉ်အရှိန်လွန်မောင်းနှင်ရာမှ ပေ(၅၀၀)ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်ပိုင်ရှင် ဒေါ်ငွန်ဇဒင်း ၊ ယာဉ်မောင်း ဉီးကိုင်ဒိုက်လျန် အသက် (၃၂) နှစ် ၊  မောင်းနှင်လာသည့် SUZU ခြောက်ဘီးကား အဖြူရောင်ယာဉ် သည် ကြက်ကောင်ရေ(၈၀၀)ခန့် တင်ဆောင်ပြီး မောင်းနှင်ရာမှ အရှိန်လွန်၍ချောက်ထဲသို့ ထိုးကျကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ အဆိုပါ ယာဉ်တိမ်းမှောက် သည့် နေရာသို့ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးသျှန်နွန်မောင် ဉီးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ နှင့် အုပ်ချုပ်မှု ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး စုစုပေါင်း (၂)စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ ယာဉ်မောင်း ဉီးကိုင်ဒိုက်လျန်မှာ ယာဘက် ခြေမ ပေါက်ပြဲဒဏ်ရာ ၊ နောက်ကျော ပွန်း/ခြစ် ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ဉီးဗန်နီလျန် အသက်(၁၈)နှစ်မှာ ဝဲဘက်အပေါ်မျက်ခုံး ပေါက်ပြဲ ဒဏ်ရာ ၊ ယာဘက်တစ်တောင်ဆစ်ပွန်း/ခြစ်ဒဏ်ရာ၊ နောက်ကျော ပွန်း/ခြစ်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး ဟားခါးမြို့ ၊ ပြည်သူ့ဆေးရုံကြီး သို့ခရီးသွားပြည်သူမော်တော်ယာဉ် ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း မြို့နယ် မီးသတ်ဉီးစီးဌာနမှသိရသည်။အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဉီးကိုင်ဒိုက်လျန် အား ဟားခါးမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈−၂၇၉ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စာစုများ -