ကျီခါးမြို့၌ Facility Quarantine ၀င်ရောက်သူ(၈)ဦးအား သတ်မှတ်ကာလပြည့်ပြီး Swab နမူနာ(၂)ကြိမ်စစ်ဆေးရာ ရောဂါပိုးမတွေ့သဖြင့် ပြန်လည်စေလွှတ်
ချင်းပြည်နယ် ၊ ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှ ပြန်လည်‌၀င်ရောက် လာသည့် နေရပ်ပြန်သူများအားအသွားအလာကန့်သတ်ပြီး စနစ်တကျ ကျန်းမာရေးစောင့်ကြည့်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၃)နာရီ အချိန်က Facility Quarantine ၀င်ရောက်သူ (၈) ဦးအား သတ်မှတ်ကာလပြည့်ပြီး Swab နမူနာစစ်ဆေးရာ ရောဂါပိုးမတွေ့သဖြင့် ကျန်းမာကြောင်းထောက်ခံစာများပေးအပ်ပြီး ပြန်လည်စေလွှတ် ခဲ့ကြောင်းသိရသည်။အဆိုပါ Quarantine (၁၄)ရက်ပြည့်သဖြင့် ပြန်လည်စေလွှတ် သူများမှာအိန္ဒိယနိုင်ငံမှ ပြန်လာသူ ကျားအသက်(၂၂)နှစ်၊အသက်(၂၄)နှစ်၊အသက်(၄၆)နှစ်၊အသက်(၂၆)နှစ်၊အသက်(၂၀)နှစ်၊အသက်(၁၉)နှစ် ပေါင်း(၆)ဦးနှင့်မအသက်(၁၈)နှစ်နှင့်အသက်(၄၅)နှစ် ပေါင်း(၂)ဦး စုစုပေါင်း(၈)ဦးဖြစ်ကြောင်းနှင့် ၎င်းတို့အား ကျီခါးမြို့ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး‌ကော်မတီဥက္ကဌ မြို့အုပ်ချုပ်‌ရေးမှူးဦးနေဇော်အောင်နှင့်အဖွဲ့၀င်များက ကျန်းမာကြောင်းထောက်ခံစာများပေးအပ်ပြီး ၊မိမိတို့နေအိမ် များ၌ Home Quarantine(၇)ရက်ဆက်လက်နေထိုင်ရေးမှာကြားခဲ့ ကြောင်းသိရသည်။လက်ရှိတွင် ကျီခါးမြို့Quarantine Center၌ အသွားအလာ ကန့်သတ်ထားပြီး ကျန်းမာရေးစောင့်ကြည့်‌ဆောင်ရွက်ထားသည့် အိန္ဒိယနိုင်ငံမှ ပြန်လည်၀င်ရောက်လာသော နေရပ်ပြန်( ၇ )ဦး ရှိကြောင်းသိရသည်။
စာစုများ -