ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ရိခေါ်ဒါရ်၌ ကျင်းပ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ၏ စီစဉ်မှုဖြင့် ရိခေါ်ဒါရ်မြို့ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်က ရိခေါ်ဒါရ်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်ပသည်။ အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီဥက္ကဌ (မြို့အုပ်ချုပ်ရေးမှူး) ဦးကျင်လမ်းခိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ ဒေသသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ နိုင်ငံတကာ ဝင်ထွက်ပေါက်ရှိပြီး နှစ်နိုင်ငံနယ်နိမိတ် အနီးတည်ရှိသည့်မြို့ ဖြစ်သည်နှင့်အညီ ပြည်ပနိုင်ငံများမှ တရားမဝင် လူဝင်ထွက်သွားလာမှုမရှိ စေရေး၊ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ရပ်ကွက်လူငယ် Voluteer အဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးသွားပါသည်။ထို့နောက် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ အတွင်းရေးမှူး (တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်) ဒေါက်တာစန်းမာနှင့် ကော်မတီအဖွဲ့ဝင်များ ကဒေသအတွင်း ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက် မှုများ၊ ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည့် အကြံပြုချက်များကို အသီးသီးဆွေးနွေးကြသည်။အဆိုပါအစည်းအဝေး၌ ရိခေါ်ဒါရ်မြို့​ေဒသအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများအဖြစ် ရပ်ကွက်အတွင်း အပြင်သို့သွား လာသူများအား ပါးစပ်နှင့်နှာခေါင်းစည်း Face Mask များတပ်ဆင်ထားရှိမှု ရှိ/မရှိစစ်ဆေးရန်နှင့် Face Mask Campaign ပြုလုပ်ရန်၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် နယ်နိမိတ်တစ်လျှောက်၌ တရားမဝင် လူဝင်ထွက်သွားလာမှု မရှိ စေရေးအတွက် စောင့်ကြည့်စစ်ဆေးမှုများ အဆက်မပြတ်ပြုလုပ်ဆောင်ရွက်ရန်၊ မြို့ ပေါ်ရပ်ကွက်အတွင်း ထားရှိသည့် Quarantine Center နေရာများအား လုံခြုံရေးပူးပေါင်း ဆောင်ရွက်သွားရန်၊ မြို့အဝင်အထွက်နေရာများ၌ လူဝင်ထွက်သွားလာမှုအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်မှတ်တမ်းရယူခြင်းကို အဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်၊ ရောဂါကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးခြင်းများကို ရပ်ကွက်အတွင်း နေ့စဉ်လှည့်လည်ဆော်သြသွားရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး ဆိုင်ရာလုပ်ငန်းများဆောင်ရွက်မှုကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ရပ်ကွက်လူငယ် Volunteer အဖွဲ့များပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ရပ်ကွက် လူငယ် Volunteer အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စာစုများ -