တီးတိန်မြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊မြို့နယ်ဘဏ်(ခွဲ)ရုံး အဆောက်အဦသစ် တည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ချင်းပြည်နယ်၊တီးတိန်မြို့၌ တည် ဆောက်လျက်ရှိသည့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊တီးတိန်မြို့နယ်ဘဏ်(ခွဲ)ရုံး အဆောက်အဦသစ် တည်ဆောက်ခြင်းလုပ်ငန်း ယနေ့တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။အဆိုပါရုံး အဆောက်အဦသစ်သည် (၄၀ပေ ×၂၄ပေ ×၂၂ပေ)RCC နှစ်ထပ်ဖြစ်ပြီး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၇၈၀ သိန်းဖြင့် KA ZAITHAကုမ္ပဏီမှ ၂၃.၁.၂၀၂၀ ရက်နေ့မှစတင်၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ လုပ်ငန်းပြီးစီးမှုကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအားလုံး ရာနှုန်းပြည့်​ပြီးစီးပြီဖြစ်ကြောင်း တီးတိန်မြို့နယ်ဘဏ်(ခွဲ)ရုံး၊မန်နေဂျာ ဦးထောင်းခမ်ထံမှသိရသည်။

စာစုများ -