မတူပီမြို့ မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine ဝင်နေသူစောင့်ကြည့် လူနာများအား ကြည့်ရှုအားပေး
ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး နှင့် အချိန်မီကုသနိုင်ရေးအတွက်ပြည်တွင်း ပြည်ပမှ ပြန်လာသူများကို မတူပီမြို့ မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ခံယူလျက်ရှိကြရာ ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့်ကော်မတီဝင်များ လိုက်ပါလာလျက် မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine ဝင်နေသူများအားကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။အားပေးစကားပြောကြားရာတွင် “မိမိတို့သည် ကျန်းမာရေးကိုအထူး ဂရုစိုက်ရန် လိုအပ်ပါကြောင်း၊လက်ရှိဖြစ်ပွားနေသည့် ရောဂါသည်အင်မတန်မှ မြန်လွန်းသဖြင့် မိမိကစပြီးကာကွယ်ရမှာဖြစ်ပါကြောင်း၊လက်ရှိ Facility Quarantine ဝင်နေသူထက် လူဦးရေများပြားလာပါက အ.ထ.က(၂)ကျောင်း၌ပြင်ဆင်ထားရှိခဲ့ကြောင်း”ထည့်သွင်းပြောကြားသည်။ဆက်လက်ပြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မင်းတပ်−မတူပီ မြို့အဝင်ဂိတ်၊ မတူပီ−ပလက်ဝလမ်းဂိတ် များသို့ လှည့်လည် ကြည့်ရှုခဲ့ကြောင်းသိရသည်။
စာစုများ -