မတူပီမြို့ မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine ဝင်နေသူ ၁၄ ဦးတို့ Swab အဖြေ မှာ All Negative ဖြစ်
ချင်းပြည်နယ်၊မတူပီမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ထိန်းချုပ်‌ ရေးနှင့် အချိန်မီ ကုသနိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ ပြန်လာသူ ၁၄ ဦးတို့သည် မတူပီမြို့မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine ဝင်ခဲ့ရာ မြို့နယ် ကျန်းမာရေးဦးစီးဌာန မှ ၉.၉.၂၀၂၀ရက်နေ့တွင် ပထမ အကြိမ် swab နမူနာ ယူခဲ့ရာ၎င်းတို့ အားလုံး၏အဖြေမှာ All Negative ဖြစ်ကြောင်းကို ယနေ့ညနေပိုင်း‌တွင် သိရသည်။အဆိုပါ (၁၄)ဦးတို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်နှင့်အညီ အသွားအလာကန့်သတ်ထားပြီး အပူချိန်တိုင်းတာခြင်းဆောင်ရွက်ရာတွင် အားလုံး ကျန်းမာရေး ကောင်းမွန်ကြကြောင်း ၊၉.၉.၂၀၂၀ ရက်နေ့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှSwab နမူနာ ယူခဲ့ပြီး၁၆.၉.၂၀၂၀ ရက်နေ့အထိ (၈)ရက်အကြာတွေ ယင်းတို့အဖြေမှာ All Negative ဖြစ်ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ( ၁ ) ဒေါ်စိုးစိုးအောင် ထံမှသိရသည်။
စာစုများ -