ထန်တလန်မြို့အဝင်အထွက်ပူးပေါင်းစစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေး
ချင်းပြည်နယ်၊ ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ဦး​အောင်ကိုဦး၊ ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့်ကော်မတီဝင်များသည် ယနေ့နံနက် ၉ နာရီက ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖြတ်သန်းသွားလာဝင်ရောက်သည့် ခရီးသွားပြည်သူများအား စိစစ်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က မြို့အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအတွက် ထန်တလန်မြို့ ဘက်သို့ ဖြတ်သန်းသွားလာဝင်ရောက်သည့် မော်တော်ယာဥ်များ၊ ခရီးသွားပြည်သူများ အဝင်အထွက်စိစစ်ဆောင်ရွက်ထားရှိမှုနှင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာမှုမရှိစေရေးတို့အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် စစ်ဆေးရေးဂိတ် အား ကြည့်ရှုစစ်ဆေးရာတွင် မည်သည့်ဒေသမှ လာရောက်သည်ဖြစ်စေ သက်ဆိုင်သည့် ခရီးသွားထောက်ခံချက်ပါရှိမှသာလျှင် ဝင်/ထွက်ခွင့်ပြုခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊လက်ဆေးခြင်း၊ စတင်ထွက်ခွာလာသည့်ဒေသနှင့်သွားရောက်မည့်ဒေသများမှတ်တမ်းရယူခြင်းများကို စနစ်တကျ ဆောင်ရွက်ကြရန်လမ်းညွှန် မှာကြားပြီး တာဝန်ကျ ဝန်ထမ်းများအတွက် နှာခေါင်းစည်း(Mask)နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခဲ့​ကြကြောင်းသိရသည်။
စာစုများ -