ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ဝန်ထမ်းများအား အသိပေးရှင်းလင်း

ချင်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒေါက်တာကျော်သူမှ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ဝန်ထမ်းများကို Mask နှင့် Hand Gel များ ထောက်ပံ့ပေးခြင်း၊ ရုံးအတွင်း တာဝန်ရှိသူမှအပ  ပြင်ပလူမဝင်ရန်၊ Mask တပ်ပြီးမှ ရုံးအတွင်းသို့ ဝင်စေရန် ပိုစတာကပ်ခြင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်သော နိုင်ငံ့ဝန်ထမ်းများအား မလိုအပ်ဘဲ ခရီးသွားလာမှုမပြုစေရေး၊ ဝန်ထမ်းများ ရုံးတက်ရာတွင် တစ်ဝက်တက် တစ်ဝက်နား စနစ် ပြန်လည်ကျင့်သုံးရေး၊ ပြည်တွင်းခရီးသွားလာရာတွင် ကျန်းမာရေး စစ်ဆေးခံယူမှုနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ၊ အခမ်းအနားများ၊ အစည်းအဝေးများ ကျင်းပမှုနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်ကိစ္စ၊ နိုင်ငံဝန်ထမ်းများ ခရီးသွားလာမှုနှင့်စပ်လျဉ်း၍ စနစ်တကျ စစ်ဆေး ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ်မှ ပြန်လာပြီး သတင်းပို့ရန် ထိမ်ချန်ထားသည့် ဝန်ထမ်းများနှင့် ဆက်စပ်သူများအား အရေးယူရေးကိစ္စ၊ Covid-19 ရောဂါထိန်းချုပ်ကာကွယ်တားဆီးနိုင်ရေး အတွက် တိုးမြှင့်ဆောင်ရွက်သွားရန် အကြောင်းကြားခြင်း၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် များမှ နေပြည်တော်သို့ လာရောက်သူများနှင့် နေပြည်တော်မှ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် များသို့ သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည်ဝင်ရောက်သူများ စနစ်တကျ စစ်ဆေးရေး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် Covid-19 ကပ်ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားချက်၊ ဝန်ထမ်းမိသားစုဝင်များတွင် Covid-19 ရောဂါပိုး တွေ့ရှိပါက သတင်ပို့ဆောင်ရွက်ရေး အကြောင်းကြားခြင်း၊ နိုင်ငံ့ဝန်ထမ်းများ အနံ့၊ အရသာ ပျောက်ခြင်း အပါအဝင် Covid-19 ရောဂါသံသယလက္ခဏာတစ်ခုခု ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့အချိန်မီပြသဆေးကုသမှုခံယူရေးညွှန်ကြားခြင်း၊ ရုံး/ဌာနများတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကြီးကြပ်သူများ/ တာဝန်ကျဝန်ထမ်းများအနေဖြင့် အချင်းချင်း သတိပေးပြောကြားရမည့် အချက်များကို  တစ်နေ့လျှင် (၃)ကြိမ် အသိပေးကြေညာခြင်း၊ Covid-19 ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအား နိုင်ငံ့ဝန်ထမ်းများသို့ နေ့စဉ် အသိပေး ကြေညာရန် စသည့်ညွှန်ကြားစာများအား ပြည်နယ်/ခရိုင်/မြို့နယ်များတွင် တာဝန်ထမ်းဆောင် သော ဝန်ထမ်းများ အားလုံး သိရှိလိုက်နာနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားခြင်း စသည့် ညွှန်ကြားချက်များအား ဆက်လက်အကြောင်းကြားခြင်း၊ ချပြရှင်းလင်းခြင်းများ ဆောင်ရွက် ခဲ့ပါသည်။ ဤကဲ့သို့ လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် Covid-19 ရောဂါကာကွယ်ရန် လိုက်နာ ဆောင်ရွက်နိုင်ရေး၊ ရောဂါကူးစက်ပျံ့နှံ့မှုများကို လျော့ချထိန်းချုပ်နိုင်ရေး စသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စာစုများ -