ဟားခါးမြို့တွင် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် KTV ဖျော်ဖြေရေးဆိုင်များဖွင့်လှစ်နေခြင်းရှိ၊မရှိ ရှောင်တခင်စစ်ဆေး

ဟားခါးမြို့တွင် COVID-19​ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် KTV​ ဖျော်ဖြေရေးဆိုင်များအား ချင်းပြည်နယ် COVID-19​ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိကို စစ်ဆေးရေး အဖွဲ့မှ စက်တင်ဘာလ ၁၇ရက်နေ့ ည ၇နာရီခွဲအချိန်က ဟားခါးမြို့၊ KTV​ ဖျော်ဖြေရေးဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။အဆိုပါ စစ်ဆေးရေးအဖွဲ့ကို ဟားခါးမြို့နယ် COVID-19​ ကာကွယ်ရေ:နှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှချိုက အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေရဲထွန်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဦးမာန်ဟာအွမ် နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းတို့ ပူးပေါင်းပါဝင်သည့် စစ်ဆေးရေးအဖွဲ့က  ဟားခါးမြို့အတွင်း KTV​ ဖျော်ဖြေရေး ဆိုင်များ အား COVID-19​ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကာလအတွင်း ဖွင့်လှစ်ထားမှု ရှိ၊မရှိကို ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။COVID-19​ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကာလအတွင်း ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများဖြစ်သည့်အတွက် ဟိုတယ်များနှင့် သီးခြားနေရာများရှိ Bar ၊ Night Club ၊ KTV ဖွင့်လှစ်ခြင်းခွင့်မပြုထားကြောင်းနှင့် ဖွင့်လှစ်ထားသည်များ စစ်ဆေးတွေ့ရှိပါက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဉပဒေပုဒ်မ ၂၅ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သိရှိရသည်။

စာစုများ -