ရိခေါ်ဒါရ်မြို့ရှိ ပျံကျစျေးနှင့် စားသောက်ဆိုင်များအား ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များ လိုက်နာမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပျံကျစျေးနှင့် စားသောက်ဆိုင်များအား ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များလိုက်နာမှုရှိစေရေး ကွင်းဆင်းခြင်းကို ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့များပူးပေါင်းပြီး စက်တင်ဘာ ၁၇ ရက်က မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာစန်းမာနှင့် စည်ပင်သာယာရေးအဖွဲ့မှ အကြီးတန်းစာရေး ဦးဇိုးမှိန်းချွာန်နာတို့က  ပျံကျစျေးနှင့် စားသောက်ဆိုင်များတွင် စျေးရောင်းသူနှင့် စျေးဝယ်သူတို့က ပါးစပ်နှင့်နှာခေါင်း စည်းများ မဖြစ်မနေတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ၌သာ စျေးရောင်းစျေးဝယ် ပြုလုပ်စေရေး၊ စားသောက်ဆိုင်များ အဝင်ပေါက်၌ လက်ဆေးခုံနှင့် လက်ဆေးရည်များ ထားရှိပြီး လူစုလူဝေးမဖြစ်စေရေး အလေးထား လိုက်နာဆောင်ရွက်ရန်နှင့် ပါဆယ်စနစ်ကို ကျင့်သုံးသွားရန် လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာ အသိပေး ကြေညာချက်များကို အလေးထားလိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရသည်။ထိုသို့ ပျံကျစျေးနှင့် စားသောက်ဆိုင်များအား လိုက်လံ ကွင်းဆင်းဆောင်ရွက်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသည့် စျေးရောင်သူနှင့် စျေးဝယ်သူများအား Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

စာစုများ -