တီးတိန်၌ အခြေခံလူတန်းစားများ တတိယအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်

ချင်းပြည်နယ်၊တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ကာလ နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် အခြေခံလူတန်းစားများ တတိယအကြိမ် ငွေ​ကြေးထောက်ပံ့ပေးအပ်ခြင်းကိုယနေ့ နေ့လည် ၁ နာရီက တီးတိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။ထိုသို့ပေးအပ်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း​ကျော် က ထောက်ပံ့ကြေးပေးအပ်ခြင်းအကြောင်းကိုရှငိးလင်းပြောကြားပြီး တီးတိန်မြို့ပေါ် (၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၅၅)အုပ်စုမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ကြေးများကို လွှဲ​ပြောင်းပေးအပ်သည်။တီးတိန်မြို့နယ်တွင် အခြေခံလူတန်းစားအိမ်​ထောင်စု ၇၀၈၇ စုသည်  ထောက်ပံ့ ကြေးများကို တစ်အိမ်ထောင်စုလျှင် ကျပ် ၂၀၀၀၀ိ/- နှုန်းရရှိမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စာစုများ -