ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၇၀၂ စုတို့အား ထောက်ပံ့ငွေများပေးအပ်

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုဝင်များအတွက်နိုင်ငံတော်မှတတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း ကို စက်တင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးမြင့်ဦး နှင့် တာဝန်ရှိသူများက ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်နှင့် စျေးဟောင်း ရပ်ကွက်များသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။ဟားခါးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအားအိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၂၇၀၂) စု တို့အတွက် ငွေကျပ် (၅၄၀၄၀၀၀၀)အားလည်းကောင်း၊ ဟားခါးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား တစ်ဉီးအား တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် (၃) လစာ(၃၀၀၀၀)ကျပ်အား လည်းကောင်း၊ သက်ကြီးဘိုးဘွား(၂၃၇)ဉီးအတွက် ထောက်ပံ့ ငွေကျပ် (၇၁၁၀၀၀၀)ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်းသိရှိရသည်။

စာစုများ -