ဟားခါးမြို့တွင် COVID-19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးလျော့ချရေး ဘုန်းတော်ကြီးကျောင်းများ၊Church ကျောင်းများ၌ဥပုသ်သီလဆောက်တည်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများယာယီရပ်ဆိုင်း

ဟားခါးမြို့တွင် COVID-19​ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများဖြစ်သည့်အတွက် ဘုန်းတော်ကြီးကျောင်းများနှင့် Church ကျောင်းများတွင် ဉပုသ်သီလဆောက်တည်ခြင်းနှင့်ဝတ်ပြုဆုတောင်းခြင်းများကို Coronavirus Disease 2019        (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များနှင့်အညီ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ယာယီ ရပ်ဆိုင်းထားကြောင်း သိရှိရသည်။အဆိုပါ COVID-19​ ရောဂါထိန်းချုပ်ကာကွယ်ရေးကာလအတွင်း COVID-19​ ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးလျော့ချခြင်းအနေဖြင့် Coronavirus Disease 2019        (COVID-19)ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များ နှင့်အညီ ဘုန်းတော်ကြီး ကျောင်းများနှင့် Church ကျောင်းများ တွင် ဉပုသ်သီလဆောက်တည်ခြင်းနှင့်ဝတ်ပြုဆုတောင်းခြင်းများ ယာယီရပ်ဆိုင်းထားခြင်းကို ပြည်သူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19​ ကာကွယ်ရေ:နှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များ နှင့်အညီ COVID-19​ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကာလအတွင်း ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများဖြစ်သည့် ဟိုတယ်များနှင့် သီးခြားနေရာများရှိ Bar ၊ Night Club ၊ KTV များ ဖွင့်လှစ်ခြင်းခွင့်မပြုထားကြောင်း၊ လူစုလူဝေးများပြားသည့် အစိုးရဘဏ်များ၊ပုဂ္ဂလိကဘဏ်များနှင့် စုပေါင်းရုံးများတွင် ကျန်းမာရေးစစ်ဆေးခြင်းများကို ပိုမိုတင်းကြပ်စွာဆောင်ရွက်ထားကြောင်း၊ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့်ဘုန်းတော်ကြီး ကျောင်းများနှင့်  Church ကျောင်းများတွင် ဉပုသ်သီလဆောက်တည်ခြင်းနှင့် ဝတ်ပြု ဆုတောင်းခြင်းများကိုလည်း လူစုလူဝေးလျော့ချခြင်းအနေဖြင့် ယာယီရပ်ဆိုင်းထားကြောင်း ဟားခါးမြို့နယ် COVID-19​ ကာကွယ်ရေ:နှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

စာစုများ -