ဟားခါးမြို့နယ်အတွင်း COVID_19ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေးအသိပညာပေး လက်ကိုင်စပီကာများဖြင့် ကြေညာနိုင်စေရေး ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံထောက်ပံ့ပေး
    -

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့ထောက်ပံ့သည့် လက်ကိုင်စပီကာများအား ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ရပ်၊ကျေး အုပ်ချုပ်ရေးမှူးများအား ဖြန့်ဝေပေးအပ်ခြင်းကို စက်တင်ဘာလ ၂၇ရက်နေ့က ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ  လက်ကိုင်စပီကာများဖြင့် ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဟားခါးမြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ဆောင်ရန်ရှောင်ရန်များနှင့် ဟားခါးမြို့နယ်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အဖွဲ့၏ ညွန်ကြားချက်အမှတ်(၂/ ၂၀ ၂၀) ကို ပြည်သူများ သိရှိလိုက်နာ နိုင်စေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်စေရေးရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရှိရသည်။ဟားခါးမြို့ပေါ် (၈)ရပ်ကွက်အတွက် လက်ကိုင်စပီကာ(၈)ခု၊ ဆူရ်ခွားမြို့ ရှိ ရပ်ကွက်(၂)ခုအတွက် လက်ကိုင်စပီကာ(၂)ခု၊ ဟားခါးမြို့နယ်အတွင်းကျေးရွာများအတွက် လက်ကိုင် စပီကာ(၃၂)ခု စုစုပေါင်း လက်ကိုင်စပီကာ(၄၂)ခုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့ထောက်ပံ့သဖြင့် ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ရပ်ကျေး အုပ်ချုပ်ရေးမှူးများထံသို့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စာစုများ -