ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ရက်ပြည့်သူ ၅ ဦး အား ရောဂါပိုးမတွေ့ရှိရသဖြင့် စက်တင်ဘာလ ၁၈ ရက် နံနက် ၉နာရီခွဲအချိန်က ဟားခါးမြို့နယ် (COVID-19) ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးနှင့်ကော်မတီဝင်များက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။ဟားခါးမြို့ G.T.Iကျောင်း Facility Quarantine ၁၄ရက်ပြည့်သူ ၅ ဦးကို Swabနမူနာ(၂)ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ Facility Quarantine ၁၄ရက်ပြည့်၍ ပြန်လည်စေလွှတ်သူများမှာ ပြည်တွင်းရှိ မန္တလေးမြို့မှ ပြန်လာသူ ကျား(၃)ဉီးနှင့် ရန်ကုန်မြို့မှ ပြန်လာသူ ကျား(၁)ဉီး၊မ(၁)ဉီးစုစုပေါင်း(၅)ဦး ဖြစ်ကြောင်း၊ Facility Quarantine မှ ပြန်လည်စေလွှတ်ခြင်းခံရသူများအား တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀)ကျပ်နှုန်းဖြင့် ၁၄ရက် အတွက်တစ်ဉီးလျှင်(၄၉၀၀၀)ကျပ်နှုန်းဖြင့်(၆)ဉီးအတွက် ငွေကျပ်စုစုပေါင်း ၂၄၅၀၀၀ကျပ် နှင့် ကျန်းမာ ကြောင်း ထောက်ခံစာများ ထောက်ပံ့ပေးအပ် ခဲ့ကြပြီး မိမိအိမ်တွင် Home Quarantine ၇ ရက် ထပ်မံနေရန်များကို ဟားခါးမြို့နယ် (COVID-19) ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များက မှာကြားခဲ့ကြောင်း သိရှိရသည်။
နောက်ဆုံးရသတင်းများ
ပင်မစာမျက်နှာ / နောက်ဆုံးရသတင်းများ / ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ရက်ပြည့်သူ (၅)ဦးအား Swabနမူနာ(၂)ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်ဆက်စပ်သတင်းများ
အချက်အလက်များ မတွေ့ပါ!