ဟားခါးမြို့နယ် ဆူရ်ခွါးမြို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလှန်ပျက်စီး

ဟားခါးမြို့နယ် ဆူရ်ခွါးမြို့ စလုံပူးရပ်ကွက်တွင် စက်တင်ဘာလ ၂၀ ရက်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး သွပ်မိုး(၁၅)ချပ်ခန့် အမိုးလှန်ပျက်စီးခဲ့သဖြင့် ဆူရ်ခွါးနယ်မြေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။အဆိုပါနေအိမ်မှာ ဆူရ်ခွါးမြို့ စလုံပူးရပ်ကွက်နေ ဒေါ်ဆုန်လဲင်းနေအိမ် သွပ်မိုးသွပ်ကာ၊ ပျဉ်ခင်း(၂)ထပ်ဖြစ်ပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလှန်ပျက်စီးခဲ့သဖြင့် ဆူရ်ခွါးနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနန်ဇထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အမိုးလှန်သည့် သွပ်များကို ဘေးကင်းရာသို့  ပြောင်းရွေ့ပြီးနောက် ဘေးသင့်နေသည့် ဒေါ်ဆုန်လဲင်း အား နီးစပ်ရာဆွေမျိုးအိမ်သို့ပြောင်းရွေ့ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရသည်။လေပြင်းတိုက်ခိုက်မှုကြောင့်   ဟားခါးမြို့နယ် ဆူရ်ခွါးမြို့တွင် နေအိမ်တစ်လုံး အမိုးလှန်ပျက်စီး ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း      ဆူရ်ခွါးနယ်မြေမီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

စာစုများ -