ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်ငွေတိုးစေရေးနှင့် ကားအဝင်အထွက် စည်းကမ်းတကျလိုက်နာနိုင်စေရေး ကာကြီးဝင်းအတွင်း ကား၊ဆိုင်ကယ်ဝင်ကြေးကောက်ခံ

ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည့် ဟားခါးမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ  ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်ငွေတိုးစေရေး၊ စည်ပင်သာယာရေးဉပဒေနှင့်အညီ  ကားကြီးဝင်း ကားအဝင်၊အထွက် စည်းကမ်းတကျလိုက်နာနိုင်စေရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ စေရန်ရည်ရွယ်၍ ဟားခါးမြို့၊ဟားခါး-ဂန့်ဂေါလမ်း ကားကြီးဝင်းအတွင်း ဝင်ရောက်သည့် ကားနှင့်ဆိုင်ကယ် ဝင်ကြေးများကို စက်တင်ဘာလမှ စတင်ကောက်ခံခဲ့ကြောင်း သိရှိရသည်။အဆိုပါ ကားကြီးဝင်း ဝင်ကြေးကို ကားကြီးတစ်စီး တစ်နေ့စာ (၂၀၀၀)ကျပ်၊ ကားလတ်တစ်စီး တစ်နေ့စာ (၁၅၀၀)ကျပ်၊ ကားလေးတစ်စီး တစ်နေ့စာ(၁၀၀၀)ကျပ်၊သုံးဘီးတစ်စီး တစ်နေ့စာ(၁၀၀၀)ကျပ်နှင့် ဆိုင်ကယ်တစ်စီးတစ်နေ့စာ(၂၀၀)ကျပ် စသည့် ယာဉ်အမျိုးအစားအလိုက် တစ်နေ့စာဝင်ထွက် သွားလာခွင့်နှုန်းထားများကို သတ်မှတ်ကောက်ခံခြင်းဖြစ်ကြောင်းသိရှိရသည်။ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့တော်၏ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေးအတွက်စည်ပင်သာယာ  ရေးဉပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိသူ များအား ဉပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

စာစုများ -