ချင်းပြည်နယ်၊တီးတိန်မြို့၌ စက်တင် ဘာ ၂၁ ရက်နေ့ မွန်းလွဲ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် Talk Show ကျင်းပသည်။ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့်ဟောပြောပွဲများ ကျင်းပရန်ခက်ခဲမှုကြောင့် ပြည်သူများအနေဖြင့် အွန်လိုင်းပေါ် မှတဆင့် ဖတ်ရှု၊နားဆင်နိုင်စေရေးအတွက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့်Talk Show ကျင်းပပေးခြင်းဖြစ် သည်။လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး Talk Show တွင် မြို့နယ်ရဲမှူးခင်မောင်ဋ္ဌေးက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လူကုန်ကူးမှုဖြစ်ပွားနိုင်သည့် အခြေအ နေနှင့် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများကို လည်းကောင်း၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းကျော်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်းဆောင် ရွက်မှုအခြေအနေကိုလည်းကောင်း၊မြို့နယ် လူမှုဝန်ထမ်းဦိးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊မြို့နယ်ဥပဒေအရာရှိဦးတိုးအောင်ဝေ က လူကုန်ကူးမှုဆိုင်ရာ ဥပဒေ၊ပုဒ်မများကို လည်းကောင်း၊အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။