ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့်တာဝန်ရှိသူများက ထန်တလန်မြို့ ၌ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ်​ရေးအနေဖြင့် ခရီးသွားပြည်သူများကျန်းမာရေးစစ်ဆေးမှုနှင့်သွားရောက်သည့်မှတ်တမ်းရယူမှုအခြေအနေများ၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်တည်ဆောက်ရေးလုပ်ငန်းများ နှင့်မဲဆန္ဒရှင်စာရင်းကြေညာကပ်ထားသည့်နေရာများအား ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့်တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ယင်းနောက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစစ်​ဆေး​ခြင်းနှင့်သွားရောက်သည့် မှတ်တမ်းရယူမှုအခြေအ​နေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းက စစ်ဆေး​ရေးဂိတ်၌ တာဝန်ကျ ဝန်ထမ်းများအတွက်နှာခေါင်းစည်း(Mask)နှင့်စားသောက်ဖွယ်ရာ များ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ထို့နောက် ချင်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများသည် ထန်တလန်မြို့အမှတ် (၃) ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ထားရှိလျက်ရှိသည့် အတွင်းအပြင်များအား ကြည့်ရှုစစ်ဆေးခြင်း၊ သဘာဝဘေးဒဏ်ကြောင့် မိုးလုံလေလုံ၏ မြောက်ဘက်ခြမ်းမြေပြိုခြင်းနှင့်မြို့ရှောင်လမ်း လမ်းသားပြိုကျပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ဆက်လက်၍ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆန်ဘိခ့်ထောင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ထန်တလန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (၉၀'×၃၀'× ၁၂') ပေ RC (၂ ) ထပ် အသစ်ဆောက်​လုပ်ခြင်း နှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့်တာဝန်ခံအင်ဂျင်နီယာ ဦးဖြိုးခန့်ပိုင်တို့က စတင်ဆောင်ရွက်သည့်နေ့မှ ယနေ့ထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မှတ်တမ်းဓာတ်ပုံ နှင့်တကွ Power Pointဖြင့် ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေကောက်ပွဲကြီးနှင့်စပ်လျဥ်း၍ ထန်တလန်မြို့ (၃) ရပ်ကွက်ရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ မဲဆန္ဒရှင် စာရင်းကြေညာကပ်ထားမှု အပေါ်ပြည့်စုံမှန်ကန်မှုရှိမရှိ ကြည့်ရှု စစ်ဆေးပြီး ချင်း​ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ကြည့်ရှုစစ်ဆေးချက်များအပေါ် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
စာစုများ -